top of page

ဒရုန်း၊ A.I ပြီးတော့ ကားပျံတွေပါ ပေါပေါလောလာ မြင်ရတော့မှာလား…..?

  • Jul 29, 2023
  • 1 min read

ဘရာဇီး လေကြောင်းပညာရေးနဲ့ လေယာဉ် တည်ဆောက်ရေး ကုမ္ပဏီ Embraer နဲ့

မြို့ပြ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီခွဲ Eve တို့မှ ၂၀၂၆ ခုနှစ် အရောက်မှာ စီးပွားဖြစ် ပျံသန်း စီးနင်းနိုင်တော့မဲ့ လျှပ်စစ်ဓာတ်အားသုံး အငှားယာဉ် “electric vertical take-off and landing air-craft” or eVTOL,

တွေကို အမြောက်အများ ထုတ်လုပ်တော့မှာပါ….။


အဆိုပါ လေပေါ်ပျံနိုင်တဲ့ လျှပ်စစ်ဓာတ်အားသုံး ဒေါင်လိုက် အတက်အဆင်းပြုလုပ်နိုင်တဲ့ အငှားယာဉ်တွေမှာ အသုံးပြုမဲ့ ဘက်ထရီတွေလည်း တစ်ပါတည်း စက်ရုံတည်ပြီး ထုတ်လုပ်သွားတော့မှာလည်း ဖြစ်ပါတယ်..။

အဆိုပါ ဒရုန်းနဲ့ အလားသဏ္ဍာန် ဆင်တူပြီး ဟယ်လီကော်ပတာ အငယ်စားလေးတွေလိုမျိူး ဒီဇိုင်း ထုတ်ထားတဲ့ လျှပ်စစ်ဓာတ်အားသုံး ကားပျံတွေကို ကနဦးအဆင့် အနေနဲ့ အငှားယာဉ် အစုအဖွဲ့ထဲမှာ အသုံးပြုသွားမှာ ဖြစ်ပြီး ပထမဆုံး ပျံသန်းစီးနင်းခ တွေ အနေနဲ့ ဒေါ်လာ ၅၀ကနေ ဒေါ်လာ ၁၀၀ကြားအထိ ကုန်ကျမှာလည်း ဖြစ်ပါတယ်..။

ဒါက G-20 နိုင်ငံတွေနဲ့ ဥရောပက နိုင်ငံတွေမှာ လေကြောင်း Protocol တွေ ပြဌာန်းဖို့ရာ တိုင်ပင်နေကြတုန်းမှာပဲ ဘရာဇီးအနေနဲ့ နောက်(၃)နှစ်အကြာမှာ အဆိုပါ ကားပျံတွေကို စီးပွားဖြစ် ပျံသန်းစီးနင်းနိုင်ဖို့ မြန်မြန်ဆန်ဆန်ပဲ ခြေလှမ်း စလှမ်းလိုက်တာလည်း ဖြစ်ပါတယ်…။


ကနဦး ပျံသန်း စီးနင်းမှုတွေမှာတော့ ယာဉ်မောင်း ပါဝင်အုန်းမှာ ဖြစ်ပြီး နောက်ပိုင်း ဆက်လက်ထွက်လာမဲ့ မော်ဒယ်လ် အသစ်တွေမှာတော့ ယာဉ်မောင်း (Pilot) ပါဝင်တော့မှာ မဟုတ်ပဲ အဆိုပါ လျှပ်စစ်ဓာတ်အားသုံး အငှားယာဉ် တစ်စီးကို ၄ယောက်ကနေ ၆ယောက်အထိ စီးနင်းလိုက်ပါနိုင်တယ်လို့လည်း သိရပါတယ်..။


Comments


bottom of page