top of page

မွေးရပ်မြေ (သို့မဟုတ်) တစ်ချိန်မှသူရဲကောင်းများ

Updated: Oct 4, 2022

ဒီနေ့မှာတော့ ဝေနေယျ ရဲ့ ဂိတ်ဖန်လေးတွေအတွက် Manchester united ရဲ့ ရှမ်းရှမ်းတောက်အောင်မြင်နေချိန်တွေထဲ က 2007-2008 ဘောလုံးရာသီရဲ့ အကောင်းဆုံးသော အမှတ်တရတွေကိုပြန်လညိဝေမျှပေးလိုက်ပါတယ်။





2007-2008 ဘောလုံးရာသီဟာတော့ဂိတ်တို့ရဲ့အကောင်းဆုံးခြေစွမ်းတွေပိုင်ဆိုင်ထားရတဲ့အချိန်လို့ပြောရင်မမှားနိုင်ပါဘူး၊ Premier league, UEFA Champions League (ပြွတ်ကြီးမရဖူးဘူးဗျ) အပြင် Communiy Shield တို့ကိုပါပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်၊ ဒါအပြင် Sir Alex ရဲ့ဦးဆောင်မှုနဲ့ စော်မရှိဖလား ပြိုက်ပွဲတွင် Six Round, League Cup ပြိုင်ပွဲတွင် Third Round အထိ တတ်လှမ်းနိုင်ခဲ့ပါတယ်။ 2007-2008 ဘောလုံးရာသီမှာအကောင်းဆုံးခြေစွမ်းပြခဲ့ကြတဲ့ ရှေ့ထွက် ကစားသမားများကိုပြောရမယ်ဆိုရင်တော့ ဂိုးသမားနေရာမှာတော့ နယ်သာလန်သားကြီးVan Dar Sarကတော့အကောင်းဆုံးသောကာကွယ်မှုတွေနဲ့ ဂိတ်ဖန်တွေအားရပါးရအားပေးခဲ့ကြရတာပဲဖြစ်ပါတယ်။ နောက်ခံကစားသမားများအနေနဲ့ R. Ferdinand, N. Vidic,J. Evans, P. Evra တို့ရဲ့ လှပသေသပ်လှတဲ့ ကာကွယ်မှုတွေကိုပြသခဲ့ကြတာပဲဖစ်ပါတယ်။ အလယ်တန်းမှာတော့ Anderson, P. Scholes, D. Fletcher, R. Giggs, Ji-Sung Park တို့ရဲ့ ပေးပို့မှု ဘောဖန်တီးမှုများဟာဆိုရင်လဲ သရဲနီတို့ရဲ့ အသဲစွဲ ဖြစ်ခဲ့ရတာလဲဖြစ်ပါတယ်။ တောင်ပံ ပိုင်းနဲ့ရှေ့တန်းမှာဆိုရင်တော့ ထိုအချိနိရဲ့ကောင်းဆုံးတွေလို့ပြောမမှားနိုင်မဲ့ C. Tevez, C. Ronaldo (GOAT), W. Rooney, L. Saha တို့အပြင် လူငယ်ကစားသမားလေး D. Welbeck တို့ရဲ့တိုက်စစ်ဟာ တစ်ဖက်သောအသင်းနောက်တန်းကိုအကောင်းဆုံး ဒုက္ခပေးနိုင်တဲ့ လူစာရင်းပဲဖြစ်ပါတယ်။ ထိုနှစ်အတွက် Ballon d'Or ဆုကို တိုက်စစ်မှုးကြီး C. Ronaldo ကရရှိခဲ့ပြီး Premier League တွင် 31 ဂိုး နဲ့ ပြိုင်ပွဲစုံ 42 ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ Manager of the Month ကိုတော့ Sir Alex Ferguson မှ နှစ်ကြိမ်ထိရရှိခဲ့ပြီး Player of the Month ကိုတော့ Wayne Rooney မှ တစ်ကြိမ် C. Ronaldo မှ နှစ်ကြိမ်ထိအသီးသီး သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

ဒါကတော့2007-2008ဘောလုံးရာသီအတွက် Manchester united အသင်းရဲ့ အကောင်းဆုံးသောအမှတ်တရတွေတင်ဆက်ပေးလိုက်ပါတယ်


ကျွန်တော် Daddyပါ.

1 Comment


Jaxx Dredd
Jaxx Dredd
Jan 12, 2023

kgkfgk

Like
bottom of page