top of page

Tik Tok မှာ ရေပန်းစားနေတဲ့ Capybara (ကပ်ပီဘားရား) ဆိုတာ ဘာကောင်လေးလဲ? 🦫🫣


ချစ်စရာမျက်နှာထားလေးနဲ့ Rodent ထဲမှာအကြီးဆုံးမျိုးပါ။ မြန်မာလိုတော့ ရေကြွက်၊ ကြွက်အုန်းသီး၊ ကြွက်ကြီးဆိုပီး အမျိုးမျိုး ချစ်စနိုးနဲ့ ခေါ်ဝေါ်လေ့ရှိကြပါတယ်။ ရှဉ့်လေးတွေနဲ့လည်း ရုပ်ဆင်တယ်နော်…. သူတို့လေးတွေက Argentina နဲ့ Panama ဘက်မှာရှိတဲ့ သစ်တောတွေထဲမှာ နေထိုင်ကြပြီး South America ဘက်ကလာတယ်လို့လဲ သိရပါတယ်။

Capybara လေးတွေဟာ ရေထဲမှာလဲ နေထိုင်သလို Social တအားကောင်းတဲ့ ကောင်လေးတွေပါတဲ့….. ရောက်တဲ့နေရာမှာ မိတ်ဖွဲ့ပြီး ကောင်းကောင်းမွန်မွန် နေထိုင်နိုင်တတ်ပါတယ်။ မိကျောင်းလို ကောင်မျိုးတွေနဲ့တောင် အေးဆေးဖြစ်နေပါသေးတယ်။

အသက်အားဖြင့်လည်း ၁၂ နှစ်လောက်ထိ နေထိုင်နိုင်ကြပြီး တချို့ကတော့ အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးထားကြပါတယ်။ TikTok မှာ trend ဖြစ်နေတဲ့ Capybara video လေးတွေကြည့်ရင်း Capybara Capybara ဆိုပြီး နှုတ်မှာဆွဲနေတဲ့ထိကို Capybara လေးတွေက ဆွဲဆောင်မှုရှိနေပါတယ်။ ဒီကောင်လေးတွေက တောင်ကိုရီးယား နာမည်ကြီး Black Pink အဖွဲ့ရဲ့ Icecream ထဲမှာပါဝင်ခဲ့သေးပါတယ်။ ဝေနေယျပရိသတ်ကြီးရော ကပ်ပီဘားရားကောင်လေးတွေကို အိမ်မှာမွေးထားချင်နေပြီလား….. ဒီကောင်လေးတွေ မွေးထားရင်တော့ အမြဲပျော်နေရမှာ အသေချာပါပဲ။

Comments


bottom of page