top of page

Deadpool 3 မှာ Wolverine အဖြစ်ပြန်လာမယ်လို့ Confirm လိုက်တဲ့ Hugh Jackman!

  • Sep 30, 2022
  • 1 min read

Updated: Oct 4, 2022

ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ ကို Deadpool ကြီး Ryan Reynolds ဟာ သူ့ YouTube Channel ကနေပြီး Super Hero Fan တွေကို Surprise တိုက်ချပလိုက်ပါတယ်။



ဟုတ်ပါတယ်ဗျ... Fan တွေအမြဲတမ်းမြင်ချင်နေခဲ့တဲ့ Hugh Jackman ရဲ့ Wolverine ဟာ Deadpool 3 မှာ ပါလာတော့မှာ‌ဗျ ( Wooohoooooo!!!! )။


Ryan နဲ့ Hugh ဟာ အပြင်မှာလဲ သူငယ်ချင်းတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် အခွင့်ရရင်ရသလို အမြဲစလိုက်နောက်လိုက်ဖဲ့လိုက်နဲ့ တော်တော်လေးရင်းနှီးကြတာပါ။ X-Men Origins movie ထဲမှာတော့ ဒီ Duo ကိုမြင်ခဲ့ကြရပေမယ့် သိတဲ့အတိုင်း ဒီ Movie ထဲက Deadpool version ကတော်တော် fail ခဲ့တာကြောင့် Ryan ရဲ့ အိပ်မက်ဆိုးကြီးဖြစ်ခဲ့ရတာပါ။ စိတ်မကောင်းစွာနဲ့ပဲ Hugh ဟာ Logan movie အပြီးမှာ Wolverine role ကနေ အနားယူတော့မယ်‌လို့ကြေငြာခဲ့တာကြောင့် Ryan နဲ့ Hugh တို့ရဲ့ Deadpool & Wolverine ကို မမြင်ရတော့ဘူးဆိုပြီး စိတ်မကောင်းဖြစ်ခဲ့ကြရတာပါ။ ခုတော့ Ryan တစ်ယောက်ဘယ်လောက်တောင်နားပူနားဆာလုပ်လိုက်လဲမသိ... Hugh Jackman ကြီး တကယ်ကိုပြန်လာခဲ့ပါပြီ ။


ဒီ Deadpool 3 ဟာ MCU အတွက် Debut လို့ Ryan ကိုယ်တိုင် ပြောခဲ့တာကြောင့် X-Men တွေကို MCU (Marvel Cinematic Universe) နဲ့ဘယ်လိုတွေချိတ်ဆက်သွားမလဲ ၊ Ryan နဲ့ Hugh တို့ ဘယ်လို တွေ Chemistry တွေမိပြီး ဘယ်လိုတွေခွီနေကြရမလဲဆိုတာကို 2024 မှာ ထွက်လာမယ့် Deadpool 3 မှာ မျှော်လင့်ကြရအောင်ဗျ။

- Sora

Comments


bottom of page