top of page

" 2023 Coachella Music Festival မှာ Headliner Artist အဖြစ်ပါဝင်သွားမဲ့ BLACKPINK "

  • Jan 11, 2023
  • 1 min read

ကမ္ဘာအကြီးမားဆုံးဂီတပွဲ​တော်​ကြီးတွေထဲကတစ်ခုအပါအဝင်ဖြစ်တဲ့ 2023 Coachella Music Festival ကြီးမှာ ပါဝင်​ဖျော်​ဖြေကြမဲ့ artist ​တွေကိုယ​နေ့နံနက်အ​စောပိုင်းမှာ တရားဝင်ကြေညာခဲ့ရာမှာBLACKPINK က ​​Headliner Artist အဖြစ်ပါဝင်သွားမှာဖြစ်ပါတယ်။


BLACKPINK ဟာဆိုရင်ဖြင့် 2019 Coachella မှာ ပထမဆုံး ​​ဖျော်​ဖြေခွင့်ရခဲ့တဲ့ Kpop girl group ဖြစ်ခဲ့တဲ့အပြင် ယခု 2023 မှာ​တော့ Coachella ရဲ့ Headliner Artist အဖြစ် ပါဝင်ခွင့်ရရှိလာတဲ့ First Ever Kpop Artist အဖြစ်သမိုင်းတွင်လာခဲ့ပါတယ်။


2019 Coachella မှာလဲ ကမ္ဘာ​ကျော် artist ​တွေရဲ့ ချီးကျူးမှု​တွေအပြင် ​​​​ထောင်​ပေါင်းများစွာ​​သောဂီတချစ်သူများရဲ့ ​ကျေနပ်အားရမှု​များနှင့်အတူBLACKPINK ရဲ့ fashion အမိုက်စား​တွေကိုပါစိတ်လှုပ်ရှားဖွယ်ရာ ခံစားကြည့်ရှုခဲ့ကြရပါတယ်။


ပရိတ်သတ်အများစုကလဲ 2023 Coachella Music Festival ကြီးမှာ BLACKPINK ရဲ့ ဘယ်လို​ကောင်းမွန်တဲ့ performance ​တွေနဲ့ ​ဖျော်​ဖြေတင်ဆက်သွားမလဲဆိုတာကိုရင်ခုန်​စွာနဲ့ ​​မျှော်လင့်​စောင့်စား​နေကြပါတယ်။


By Daffany

Comments


bottom of page